မင်္ဂလာပါ မြန်မာ
Derma Innovation
Derma innovation ဟာ အလှအပနှင့် ကျန်းမာရေးလောကထဲမှာ ကျဉ်လည်နေခဲ့တာ ၁၆နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။
Derma innovation အနေနဲ့ skincare product တွေ၊ ကျန်းမာရေး supplement တွေ၊ အလှကုန်ပစ္စည်းတွေနဲ့ ရေမွှေးအမျိုးမျိုးကို ကျွမ်းကျင်ပညာရှင်တွေ၊ ဥရောပစံနှုန်းမီ စက်ကိရိယာတွေ နဲ့ အဆင့်မြင့် နည်းပညာများကို အသုံးပြုပြီး ထုတ်လုပ်လျက်ရှိပါတယ်။ Derma Innovationရဲ့ အဓိက ရည်ရွယ်ချက်ကတော့ customerတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီထိရောက်မှုရှိတဲ့ product တွေကို စျေးကွက်ထဲ ရောက်အောင်ကူညီ ထုတ်လုပ်ပေးနိုင်ဖို့ဖြစ်ပါတယ်။




Derma Innovation ကို ယုံကြည်စိတ်ချပြီး အပ်နှံထားတဲ့
Brand ပေါင်း ၅,၀၀၀ ကျော် တောင် ရှိနေပါပြီ။
0
ယုံကြည်စွာအပ်နှံထားသော brandပေါင်း
0
Formula စုစုပေါင်း
0
လုပ်ငန်းအတွေ့အကြုံသက်တမ်း
0
နှစ်စဉ်ထုတ်လုပ်မှုပမာဏ
မျှော်မှန်းချက်
ကျွန်မတို့ဟာ ဆန်းသစ်တီထွင်မှုနဲ့ ကျွမ်းကျင်မှုကို အခြေခံပြီး နိုင်ငံတကာစံချိန်စံညွှန်းမီ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထုတ်ကုန်တွေကို ထုတ်လုပ်ပေးနေတဲ့ အထူးပြုမိတ်ဖက် လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ လူတိုင်းအတွက် အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ပေးအပ်နိုင်ဖို့နဲ့ လူကြီးမင်းတို့ရဲ့ စိတ်ကျေနပ်မှုကို အမြင့်ဆုံးရရှိအောင် အလေးထား ဆောင်ရွက်ပေးနေပါတယ်။
ရည်မှန်းချက်
၁။ ဈေးကွက်လိုအပ်ချက်ကို သေချာနားလည်ပြီး အရည်အသွေးကောင်း၊ ဘေးကင်းပြီး ဈေးနှုန်းသင့်တင့်တဲ့ ခေတ်မီထုတ်ကုန်တွေကို မြန်မြန်ဆန်ဆန် ထုတ်လုပ်ပေးနိုင်ဖို့။
၂။ စုံလင်ပြီး မြန်ဆန်တဲ့ ဝန်ဆောင်မှုတွေပေးဖို့ ကတိပြုသလိုပဲ၊ မိတ်ဖက်အမှတ်တံဆိပ် (Brands) တွေ ပိုမိုခိုင်မာလာအောင် ဗဟုသုတနဲ့ နည်းပညာတွေ မျှဝေပေးဖို့။
၃။ အမြဲတမ်း တခြားသူတွေထက် သာလွန်ထူးခြားနေအောင် နည်းပညာပိုင်းဆိုင်ရာ သုတေသနနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားဖို့။
၄။ ကုန်ကျစရိတ်တွေကို ထိထိရောက်ရောက် စီမံခန့်ခွဲဖို့။
၅။ အမြဲလေ့လာသင်ယူနေတဲ့ ကျွမ်းကျင်အဖွဲ့သားတွေ၊ မိတ်ဖက်ကောင်းစိတ်ဓာတ်တွေနဲ့အတူ လုပ်ငန်းကို အတူတူ တိုးတက်အောင် လုပ်ဆောင်သွားဖို့။
၂။ စုံလင်ပြီး မြန်ဆန်တဲ့ ဝန်ဆောင်မှုတွေပေးဖို့ ကတိပြုသလိုပဲ၊ မိတ်ဖက်အမှတ်တံဆိပ် (Brands) တွေ ပိုမိုခိုင်မာလာအောင် ဗဟုသုတနဲ့ နည်းပညာတွေ မျှဝေပေးဖို့။
၃။ အမြဲတမ်း တခြားသူတွေထက် သာလွန်ထူးခြားနေအောင် နည်းပညာပိုင်းဆိုင်ရာ သုတေသနနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားဖို့။
၄။ ကုန်ကျစရိတ်တွေကို ထိထိရောက်ရောက် စီမံခန့်ခွဲဖို့။
၅။ အမြဲလေ့လာသင်ယူနေတဲ့ ကျွမ်းကျင်အဖွဲ့သားတွေ၊ မိတ်ဖက်ကောင်းစိတ်ဓာတ်တွေနဲ့အတူ လုပ်ငန်းကို အတူတူ တိုးတက်အောင် လုပ်ဆောင်သွားဖို့။
ကျွန်မတို့ရဲ့ အသိအမှတ်ပြုလက်မှတ်များ








ထုတ်လုပ်မှုဆိုင်ရာ ဆန်းသစ်တီထွင်မှု
ကုန်ကြမ်းနည်းပညာ
ကုန်ကြမ်းထုတ်ယူမှု နည်းလမ်းပေါင်း ၅၀ကျော်ကို အသုံးပြုနိုင်တာ ဖြစ်လို့ တစ်မူထူးခြားသာလွန်သော အရည်သွေးရရှိနိုင်ခြင်း


ထုတ်လုပ်မှုနည်းပညာ
တိကျမှန်ကန်သော တွက်ချက်မှုများ၊ ခေတ်မီစက်ကိရိယာများကို အသုံးပြု၍ သုံးစွဲသူများ စိတ်ကြိုက် အထိအတွေ့ (product texture) များကို ထုတ်လုပ်ပေးနိုင်ခြင်း
နိုင်ငံတကာစံနှုန်း
အကောင်းဆုံးသော အရည်အသွေး၊ တိကျမှုနှင့် ယုံကြည်စိတ်ချမှုများကို နိုင်ငံတကာစံနှုန်းများနှင့် အညီဆောင်ရွက်ပေးနိုင်ခြင်း


ပြီးပြည့်စုံသော ဝန်ဆောင်မှု
စ-လည်-ဆုံး ပြီးပြည့်ဆုံသော ဝန်ဆောင်မှု
Sale team နဲ့သာမက R&D (သုတေသန) team များနဲ့ပါ တိုက်ရိုက်ဆွေးနွေးပြီး လုပ်ငန်းအစမှ ပြီးဆုံးသည်အထိ ထိထိရောက်ရောက် ပံ့ပိုးပေးခြင်း
Sale team နဲ့သာမက R&D (သုတေသန) team များနဲ့ပါ တိုက်ရိုက်ဆွေးနွေးပြီး လုပ်ငန်းအစမှ ပြီးဆုံးသည်အထိ ထိထိရောက်ရောက် ပံ့ပိုးပေးခြင်း
ယခုလို လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် လူကြီးမင်းတို့၏ လုပ်ငန်းကို အကောင်းဆုံး ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
သုတေသနနှင့် ဖွံ့ဖြိုးရေး
လူကြီးမင်းတို့ရဲ့ Brand ကို အဆင့်အတန်းအသစ်တစ်ခုဖြစ်လာစေဖို့ ဆန်းသစ်တဲ့ ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်မှုနည်းပညာတွေကို ကျွန်တော်တို့က တင်သွင်းပေးနေပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဈေးကွက်ထဲမှာ အမြဲရှေ့တန်းကရှိနေဖို့အတွက် ခေတ်အမီဆုံး သုတေသနတွေနဲ့အတူ တခြားသူနဲ့မတူတဲ့ ဖော်မြူလာတွေကို ဖန်တီးပေးနေပါတယ်။
သုံးစွဲသူတွေအတွက် ထူးခြားတဲ့ အထိအတွေ့ခံစားမှု ရစေဖို့ ထုတ်ကုန် Texture မျိုးစုံကို ကျွန်တော်တို့က သုတေသနပြုပြီး ရင်းနှီးမြှုပ်နှံထားပါတယ်။
ကျွန်မတို့ရဲ့ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်
၁။ အိုင်ဒီယာထုတ်မယ်
Brand ပိုင်ရှင်နဲ့ တိုင်ပင်ပြီး ဘယ်လိုပစ္စည်းမျိုး ထုတ်မလဲဆိုတာ စဉ်းစားကြမယ်။ ထူးခြားတဲ့ ဖော်မြူလာတွေ၊ ပါဝင်ပစ္စည်း (Extracts) တွေနဲ့ အသားအရေအထိအတွေ့ (Texture) တွေကို စိတ်ကြိုက်ရွေးချယ်ရမယ့် အဆင့်ပါ။
၂။ တွက်ခြေကိုက်အောင်စီစဉ်မယ်
ကုန်ကျစရိတ်တွေကို တွက်ချက်မယ်၊ အသုံးစရိတ်တွေ ဘယ်လောက်ရှိမလဲ ကြည့်မယ်။ ဘယ်လောက်ရောင်းရရင် အရင်းကျေမလဲ (Break-even point) ဆိုတာကို အကြံပေးပြီး ရောင်းဈေးသတ်မှတ်တာတွေ လုပ်ပါမယ်။
၃။ ဖော်မြူလာစစမ်းမယ်
R&D အဖွဲ့ကနေ ဖော်မြူလာကို စပြီးစပ်မယ်၊ ပါဝင်ပစ္စည်းတွေကို စမ်းသပ်မယ်၊ အကောင်းဆုံးဖြစ်အောင် လိုအပ်တာလေးတွေ ညှိနှိုင်းပြင်ဆင်ပေးပါမယ်။
၄။ အရည်အသွေးစစ်ဆေးမယ်
ပမာဏများများ မထုတ်ခင်မှာ စံချိန်စံညွှန်းနဲ့ ကိုက်ညီရဲ့လားဆိုတာ Stability Tests တွေ လုပ်ပြီး သေချာစစ်ဆေးပါမယ်။
၅။ FDA တင်မယ်
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှာ မှတ်ပုံတင်ဖို့ လျှောက်လွှာတင်ပါမယ်။ ဒီလုပ်ငန်းစဉ်က ရက်ပေါင်း ၃၀ လောက် ကြာတတ်ပါတယ်။
၆။ တကယ်စပြီး ထုတ်လုပ်မယ်
စက်ရုံမှာ အမှန်တကယ် စထုတ်တဲ့အဆင့်ပါ။ အဆင့်တိုင်းမှာ အရည်အသွေး (QC) ကို သေချာစစ်ဆေးပြီး ဈေးကွက်ထဲ မချခင် ယုံကြည်မှုရှိအောင် ဆောင်ရွက်ပေးမှာပါ။
၇။ ပစ္စည်းစပို့်မယ်
ပစ္စည်းတွေကို မြန်မြန်ဆန်ဆန်နဲ့ စိတ်ချရအောင် ပို့ပေးမှာဖြစ်သလို၊ သတ်မှတ်ထားတဲ့ ရက်အတိုင်း အရောက်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်
ကျွန်မတို့ရဲ့ ထုတ်ကုန် အမျိုးအစားများ
Skincare
ကျွန်တော်တို့ စက်ရုံကနေ အသားအရေထိန်းသိမ်းမှု (Skincare) ထုတ်ကုန်မျိုးစုံအတွက် ထုတ်လုပ်မှုဝန်ဆောင်မှုတွေ ပေးနေပါတယ်။ ကျွန်တော်တို့ဆီမှာ အဆင်သင့်ရှိပြီးသား formula တွေနဲ့ ထုတ်လုပ်ပေးတဲ့ (ODM) စနစ်အပြင်၊ ထုတ်ကုန်သစ် သုတေသနရလဒ်တွေအပေါ် အခြေခံပြီး ကျွန်တော်တို့ရဲ့ ပညာရှင်တွေက formula အသစ်တွေ ဖော်စပ်ပေးတဲ့ (OEM) စနစ်နဲ့လည်း ထုတ်လုပ်ပေးနေပါတယ်
လေ့လာရန်
Supplements
ကျွန်တော်တို့က အားဖြည့်အစာ (Dietary Supplement) မျိုးစုံကို ထုတ်လုပ်ပေးနေပါတယ်။ ကျွန်တော်တို့ စက်ရုံမှာ အဆင်သင့်ရှိပြီးသား formula တွေနဲ့ ထုတ်လုပ်ပေးတဲ့ (ODM) စနစ်တင်မကဘဲ၊ နောက်ဆုံးပေါ် သုတေသနရလဒ်တွေကို အခြေခံပြီး ကျွန်တော်တို့ရဲ့ ပညာရှင်တွေက formula အသစ်တွေ ဖော်စပ်ထုတ်လုပ်ပေးတဲ့ (OEM) ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးနေပါတယ်။
လေ့လာရန်
Color Cosmetics
ကျွန်တော်တို့က အားဖြည့်အစာ (Dietary Supplement) မျိုးစုံကို ထုတ်လုပ်ပေးနေပါတယ်။ ကျွန်တော်တို့ စက်ရုံမှာ အဆင်သင့်ရှိပြီးသား formula တွေနဲ့ ထုတ်လုပ်ပေးတဲ့ (ODM) စနစ်တင်မကဘဲ၊ နောက်ဆုံးပေါ် သုတေသနရလဒ်တွေကို အခြေခံပြီး ကျွန်တော်တို့ရဲ့ ပညာရှင်တွေက formula အသစ်တွေ ဖော်စပ်ထုတ်လုပ်ပေးတဲ့ (OEM) ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးနေပါတယ်။
လေ့လာရန်
Perfume
ကျွန်တော်တို့ဆီမှာ ရေမွှေး (Perfume) အမျိုးမျိုးကို ထုတ်လုပ်ပေးနေပါတယ်။ ကျွန်တော်တို့ စက်ရုံမှာရှိပြီးသား formula တွေနဲ့ ထုတ်လုပ်ပေးတဲ့ (ODM) အပြင်၊ formula အသစ်တွေ ဖော်စပ်ပေးတဲ့ (OEM) စနစ်နဲ့လည်း ဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဈေးကွက်ထဲမှာ တကယ်ကို အပြိုင်အဆိုင်ဖြစ်ပြီး အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေ ဖြစ်လာဖို့ပါပဲ။
လေ့လာရန်














